ဂျပန်မှာ အရေးပေါ်အခြေအနေကြေညာချက် တိုးချဲ့သတ်မှတ်

ဂျပန်ဝန်ကြီးချုပ် Suga Yoshihide က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန်များပြားလာတာကြောင့် အရေးပေါ်အခြေအနေ ကြေညာချက်ကို နောက်ထပ် ခရိုင်၇ခုမှာ ထပ်တိုးချဲ့ဖို့ ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

အဲဒီခရိုင်တွေကတော့ အိုစာကာ၊ ဟယောဂို၊ ကျိုတို၊ အိုင်းချိ၊ ဂီဖု၊ ဖုကုအိုက နဲ့ တို့ချိဂီ ခရိုင်တွေ ဖြစ်ပါတယ်။
အခုလက်ရှိ တိုကျိုနဲ့အိမ်နီးချင်းခရိုင် ၃ခုဖြစ်တဲ့ ခါနာဂါဝါ၊ ချိဘနဲ့ စိုင်းတမ တို့မှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး ပြီးခဲ့တဲ့ သောကြာနေ့က စတင်အသက်ဝင်ခဲ့တာ ဖြစ်ပါတယ်။
အရေးပေါ်အခြေအနေအရ လူတွေအနေနဲ့ မလိုအပ်ပဲ အပြင်သွားတာကို ရှောင်ကြဉ်ဖို့နဲ့ ဖြစ်နိုင်ရင် အိမ်ကနေ အလုပ်လုပ်တာကို တိုးမြှင့်ပြီး အလုပ်သွားလာမှုကို ၇၀ရာခိုင်နှုန်း လျှော့ချဖို့ တောင်းဆိုထားပါတယ်။ စားသောက်ဆိုင်တွေနဲ့ အရက်ဆိုင်တွေကိုလည်း ဖွင့်လှစ်ချိန် လျှော့ချဖို့ တောင်းဆိုထားပါတယ်။ ပွဲတွေမှာလည်း ကြည့်ရှုသူ ပရိသတ်ဦးရေကို ကန့်သတ်ရမှာ ဖြစ်ပါတယ်။
ဒီကြေညာချက်ဟာ ဖေဖော်ဝါရီလ ၇ရက်နေ့အထိ တည်ရှိမှာ ဖြစ်ပါတယ်။