Parler လူမှုကွန်ယက်စာမျက်နှာအတွက် ဝန်ဆောင်မှုကို Amazon ရပ်ဆိုင်း

အမေရိကန် နည်းပညာကုမ္ပဏီကြီး Amazon က Parler လူမှုကွန်ရက်စာမျက်နှာအတွက် ဝက်ဘ်ဆိုက် ဝန်ဆောင်မှုကို ရပ်ဆိုင်းလိုက်ပါတယ်။

Parler ဟာ သမ္မတ Donald Trump ကို ထောက်ခံသူတွေ ပါဝင်တဲ့ လက်ယာယိမ်း အသုံးပြုသူတွေကြားမှာ ရေပန်းစားနေတဲ့ လူမှုကွန်ယက် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ သမ္မတ Trumpကို ထောက်ခံသူတွေက အမေရိကန်ပါလီမန်အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့ပြီးတဲ့နောက် အခုလို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။
Amazon က အမေရိကန်အခြေစိုက် Parler စာမျက်နှာကို Amazon Web Services (AWS)ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တဲ့အတွက် ဝန်ဆောင်မှုပေးနေတာကို တနင်္လာနေ့မှာ ရပ်ဆိုင်းခဲ့ပါတယ်။ Amazon က Parler ဟာ အကြမ်းဖက်မှုကို အားပေးလှုံ့ဆော်တဲ့စာတွေ ရေးတင်မှု များလာတာကို ကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
စာမျက်နှာမှာ လွတ်လပ်စွာပြောဆိုခွင့်ပေးပြီး ရေးတင်လာတဲ့ အကြောင်းအရာတွေကို မစစ်ဆေးဘူးလို့ Parler က ဆိုပါတယ်။
တားဝရမ်းထုတ်ပြန်ပေးဖို့ Amazonက သူတို့ရုံးချုပ်ရှိတဲ့ Seattleက ဖက်ဒရယ်တရားရုံးတစ်ခုကို လျှောက်ထားခဲ့ပါတယ်။
Google နဲ့ Apple ကုမ္ပဏီတွေကလည်း Parler အက်ပလီကေးရှင်ကို သူတို့ရဲ့ store တွေကနေ ဖြန့်ဝေပေးမှု ခေတ္တရပ်ဆိုင်းထားပါတယ်။