တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအသစ် ၉၇၀ အတည်ပြု

တိုကျိုမြို့မှာ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အသစ် ၉၇၀ ဦးရှိတယ်လို့ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ဇန်နဝါရီလ ၄ ရက်နေ့နောက်ပိုင်းမှာ ပထမဦးဆုံး တစ်နေ့တာ ကူးစက်မှုအတည်ပြုတဲ့ အရေအတွက် ထောင်ဂဏန်းအောက် ကျလာတာ ဖြစ်ပါတယ်။
အင်္ဂါနေ့တွေရဲ့ ကူးစက်မှု ပမာဏထဲမှာတော့ ဒီအရေအတွက်ဟာ လွန်ခဲ့တဲ့ သီတင်းတစ်ပတ်က ၁,၂၇၈ ဦးဆိုတဲ့ စံချိန်ပြီးရင် ဒုတိယ အများဆုံးဖြစ်ပါတယ်။
အခုအခါ တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသူအရေအတွက်ဟာ ၇၇,၁၃၃ ဦး ရှိလာပြီ ဖြစ်ပါတယ်။