ဂျပန် ရေကူးအကျော်အမော် အရွယ်ရောက်သူများနေ့ ဆင်နွှဲ

ဂျပန်နိုင်ငံမှာ ဒီတနင်္လာနေ့ဟာ အရွယ်ရောက်သူများနေ့အဖြစ် သတ်မှတ်ထားတဲ့ အများပြည်သူအားလပ်ရက် ဖြစ်ပါတယ်။

အသက်၂၀ပြည့်ပြီး တရားဝင်အရွယ်ရောက်သူအဖြစ် အသိအမှတ်ပြုခံရသူတွေကို ဂုဏ်ပြုတဲ့နေ့ဖြစ်ပါတယ်။
ဒီနှစ် အရွယ်ရောက်သူများနေ့ကို ဆင်နွှဲကြသူတွေထဲမှာ သွေးကင်ဆာ ရောဂါခံစားခဲ့ရတာကို ခုခံတွန်းလှန်ခဲ့ပြီး ပြိုင်ပွဲတွေဝင်ပြိုင်ဖို့ ပြန်လာနိုင်ခဲ့တဲ့ ရေကူး အကျော်အမော်တစ်ဦး ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက အသက်၂၀ပြည့်ခဲ့တဲ့ မီးစ် Ikee Rikako က ကြံ့ခိုင်တဲ့ အရွယ်ရောက်သူ နဲ့ အားကစားသမား တစ်ဦးဖြစ်လာစေဖို့ ကြိုးစားအားထုတ်သွားမယ်လို့ ဆိုပါတယ်။ စက်တင်ဘာထဲမှာ ကီမိုနိုဝတ်ဆင်ပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံကိုလည်း သူက ထုတ်ပြန်ပြသခဲ့ပါတယ်။
မီးစ် Ikee ဟာ ပြီးခဲ့တဲ့ သြဂုတ်လက ပြိုင်ပွဲတွေဆီပြန်လာခဲ့ပြီး အောက်တိုဘာလက ကျင်းပခဲ့တဲ့ Inter College Swimming Championships ပြိုင်ပွဲလို ပွဲစဉ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူ ပြိုင်ပွဲတွေဝင်ရောက်ဖို့ ပြန်လာခဲ့ပြီးကတည်းက လေ့ကျင့်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။