အင်ဒိုနီးရှားနိုင်ငံ West Java မှာ မြေပြိုမှုတွေကြောင့် လူ ၁၁ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ မိုးအကြီးအကျယ်ရွာသွန်းမှု ကြောင့် မြေပြိုမှု၂ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၁ ဦး သေဆုံးကာ ၁၈ဦး ဒဏ်ရာရခဲ့ပါတယ်။

အင်ဒိုနီးရှားမိုးလေဝသအာဏာပိုင်တွေက နောက်ထပ်မိုးကြီးနိုင် ကြောင်း သတိပေးနေပါတယ်။
အင်ဒိုနီးရှားရဲ့ နိုင်ငံ့သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး အေဂျင်စီက West Java မှာ မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့တယ် ဆိုတာကို စနေနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီမြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က လူတွေကို ကယ်ထုတ်နေချိန်မှာ နောက်ထပ်မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ကယ်ဆယ်ရေးသမားတချို့လည်း ထိခိုက်သေဆုံးခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်တွေက ပျောက်ဆုံး နေတဲ့သူတွေကို ရှာဖွေနေပါတယ်။ အာဏာပိုင်တွေက အဲဒီဒေသမှာ နောက်ထပ်မြေပြိုမှုတွေဖြစ်လာနိုင်တာကို သတိထားစောင့်ကြည့်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ အထူးသဖြင့် နိုဝင်ဘာလကနေ မတ်လအတွင်းဖြစ်တဲ့ မိုးရာသီကာလအတွင်း ရေကြီးမှုတွေ၊မြေပြိုမှုတွေကို မကြာခဏ ကြုံတွေ့ရပါတယ်။