မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရာထူးသစ်ရရှိ

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ အာဏာရ အလုပ်သမားပါတီရဲ့ အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံ ရကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာမှာ ဖော်ပြထားပါတယ်။

ဒီရာထူးနေရာကို ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ဖခင် Kim Jong Il က တာဝန်ယူခဲ့ပါတယ်။
တနင်္လာနေ့ထုတ် ပါတီသတင်းစာ Rodong Sinmun ရဲ့ အယ်ဒီတာ့အာဘော်မှာ ဒီဆုံးဖြတ်ချက်ကို Pyongyang မြို့မှာ ကျင်းပနေတဲ့ ပါတီကွန်ဂရက်ရဲ့ ၆ ရက်မြောက်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ချခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မစ္စတာ Kim ကို အတွင်းရေးမှုးချုပ်အဖြစ် ခန့်အပ်ဖို့ အဆိုပြုချက်ကို အပြည့်အဝထောက်ခံကြောင်း ပါတီကွန်ဂရက်ရဲ့ ကြေညာချက်ကို သတင်းစာက ကိုးကားဖော်ပြထားပါတယ်။
အဲဒီကြေညာချက်ထဲမှာ မစ္စတာ Kim ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားစွမ်းရည်ကိုတိုးမြှင့်ဖို့ ပြီးမြောက်အောင်စီစဉ်နိုင် ခဲ့ပြီး တိုင်းပြည်ကို ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်က ပါတီကွန်ဂရက်မှာ မစ္စတာ Kim က အသစ်ဖန်တီးထားတဲ့ ပါတီဥက္ကဋ္ဌ ရာထူးကို ရယူခဲ့ပါတယ်။