Seychelles ကျွန်းနိုင်ငံတွင် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး စတင်ထိုး

အာဖရိကတိုက်အရှေ့ဘက်ကမ်းလွန်မှာရှိတဲ့ Seychelles ကျွန်းနိုင်ငံမှာ တရုတ်နိုင်ငံပိုင် Sinopharm ကထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးမှုတွေကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီလိုဆေးထိုးပေးတာကို တနင်္ဂနွေနေ့မှာ စတင်ခဲ့တာဖြစ်ပြီး သမ္မတ Wavel Ramkalawan ဟာ မြို့တော် Victoria မှာရှိတဲ့ ဆေးရုံတစ်ရုံမှာ ပထမဦးဆုံးဆေးထိုးခံတဲ့သူဖြစ်လာခဲ့ပါတယ်။
UAE နိုင်ငံက ကာကွယ်ဆေး ၅၀၀၀၀ ကို လှူဒါန်းခဲ့တယ်လို့ Seychelles နိုင်ငံက ပြောပါတယ်။
ဒါဟာ အာဖရိကတိုက်မှာ COVID-19 ကာကွယ်ဆေးကို ပထမဦးဆုံးအသုံးပြုတာဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေက အစီရင်ခံဖော်ပြကြပါတယ်။
သမ္မတ Ramkalawan ဟာ နိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wan Yi နဲ့ စနေနေ့မှာ တွေ့ဆုံခဲ့ပြီး တရုတ်လုပ်ကာကွယ်ဆေးသုံးစွဲတာကို သူ ဦးဆောင်မှာ ဖြစ်တယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။
တောင်အာဖရိကနိုင်ငံအပါအဝင် အာဖရိကနိုင်ငံအများစုဟာ ကိုရိုနာဗိုင်းရပ်စ်အထိအနာဆုံးနိုင်ငံတွေဖြစ်ကြပြီး ကာကွယ်ဆေးလုံလုံလောက်လောက်ရဖို့အတွက် အတော်ကြီးကို နောက်ကျကျန်ရစ်နေပါတယ်။