တိုကျိုတွင် တနင်္လာနေ့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၁၂၁၉ ဦးရှိ

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က တနင်္လာနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၁၂၁၉ ဦးရှိတယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။

အဲဒီအရေအတွက်ဟာ တနင်္လာနေ့တွေထဲမှာ အများဆုံးပါပဲ။ တစ်ရက်တာကာလမှာ ကူးစက်ခံရတဲ့အရေအတွက် ၁၀၀၀ ကျော်တာဟာ ၇ ရက်ဆက်တိုက်ဖြစ်ပါတယ်။
အခုဆိုရင် တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း ၇၆၁၆၃ ဦး ရှိနေပြီဖြစ်ပါတယ်။ စိုးရိမ်ရတဲ့လူနာဟာလည်း ၁၃၁ ဦးရှိပြီး စံချိန်တင်တဲ့အရေအတွက်ဖြစ်ပါတယ်။