တိုကျိုမှာ တနင်္ဂနွေနေ့က ကိုဗစ်-၁၉ ကူးစက်ခံရသူ အသစ် ၁၄၉၄ဦး တွေ့ရှိ

မြို့တော်တိုကျိုမှာ တနင်္ဂနွေနေ့က မွန်းလွဲ၃နာရီအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁၄၉၄ဦး ရှိကြောင်းအတည်ပြုထားတယ်လို့ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။

ဒါဟာ ၆ရက်ဆက်တိုက် ကူးစက်သူအသစ် ၁၀၀၀ကျော်ရှိတာဖြစ်ပါတယ်။ တနင်္ဂနွေမှာ တစ်နေ့တာကူးစက်သူအ‌ရေအတွက် ၁၀၀၀ကျော်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
အခုဆိုရင် တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ စုစုပေါင်း ၇၄၉၄၄ ဦး ရှိပြီဖြစ်ပါတယ်။
တိုကျိုမှာစိုးရိမ်ရတဲ့အခြေအနေမှာရှိတဲ့ ကိုဗစ်-၁၉ လူနာက ၁၂၈ဦးရှိပါ တယ်။ သောကြာနဲ့ စနေနေ့တွေမှာ စံချိန်တင်အများဆုံးအရေအတွက်ဖြစ်ခဲ့ တဲ့ ၁၂၉ဦးထက် တစ်ဦးလျော့နည်းလာပါတယ်။