Toyoma မြို့တွင် နှင်းအကြီးအကျယ်ကျ

ဂျပန်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ Toyama မြို့မှာ ကျခဲ့တဲ့နှင်းဟာ ၃၅ နှစ်တာကာလအတွင်း ပထမဦးဆုံး အကြိမ်အဖြစ် ၁ မီတာကျော် ရှိခဲ့ပါတယ်။

မိုးလေဝသအေဂျင်စီက အားကောင်းလှတဲ့ ဆောင်းရာသီလေဖိအားများရပ်ဝန်းနဲ့ လေအေးထုတို့က ဂျပန်ပင်လယ်ကမ်းခြေတလျှောက်က အဲဒီဧရိယာ အထူးသဖြင့် Hokuriku ဒေသမှာ နှင်းအကြီးအကျယ်ကျစေခဲ့တယ်လို့ ဆိုပါတယ်။ တနင်္ဂနွေနေ့အထိ နှင်းဆက်ကျဦးမယ်လို့ တွက်ဆထားပါတယ်။
မိုးလေဝသဆိုင်ရာအရာရှိတွေက လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နိုင်ခြေရှိတယ်လို့ သတိပေးပါတယ်။ နှင်းတောင်ပြိုတာ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်တာနဲ့ တခြားမတော်တဆမှုတွေကို သတိထားကြပါလို့လည်း တိုက်တွန်းထားပါတယ်။