နိုင်ငံတွင်းဝင်ရောက်လာသူတွေအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမရှိကြောင်း စစ်ဆေးထားချက် ဂျပန်နိုင်ငံက တောင်းမည်

ဂျပန်အစိုးရက နိုင်ငံတွင်း ဝင်ရောက်လာသူတွေအားလုံးကို သူတို့ ထွက်ခွါမလာခင် ၇၂ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမရှိကြောင်း စစ်ဆေးအတည်ပြုထားချက်ကို တင်ပြဖို့ တောင်းဆိုမှာ ဖြစ်ပါတယ်။

ဒီစီမံချက်က ဂျပန်အချိန် လာမယ့်သီတင်းပတ် ဗုဒ္ဓဟူးနေ့ကနေ စတင် အသက်ဝင်မှာဖြစ်ပါတယ်။ ဂျပန်အစိုးရက တိုကျို နဲ့ အိမ်နီးချင်းခရိုင် ၃ ခုမှာ အရေးပေါ်အခြေအနေကို ရုပ်သိမ်းတဲ့တိုင်အောင် ဒီစီမံချက်ကို လုပ်ဆောင်နိုင်ဖွယ်ရှိနေပါတယ်။ နောက်ပြီး ဝင်ရောက်လာသူတွေ ဂျပန်နိုင်ငံလေဆိပ်တွေကို ရောက်လာချိန်မှာ ရောဂါစစ်ဆေးဖို့ တောင်းဆိုမှာ ဖြစ်ပါတယ်။
စစ်ဆေးအတည်ပြုထားချက်ကို မတင်ပြနိုင်သူတွေကို မိမိအစီအစဉ်နဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာ သီးသန့်ခွဲပြီးတည်းခိုနေထိုင်စေဖို့နဲ့ ဂျပန်ကိုရောက်ပြီး ၃ ရောက်မြောက်နေ့မှာ ရောဂါစစ်ဆေးမှုလုပ်ဖို့ အာဏာပိုင်တွေက တောင်းဆိုမှာဖြစ်ပါတယ်။ စစ်ဆေးမှုမှာ ရောဂါမတွေ့ရှိခဲ့ရင်တောင်မှ ဝင်ရောက်လာသူတွေကို ကူးစက်မှုနဲ့ထိတွေ့မှုရှိမရှိ နောက်ယောင်ခံနိုင်တဲ့ အပလီကေးရှင်း ကို ထည်သွင်းထားဖို့ ကတိကဝတ်နဲ့ သူတို့ရှိမယ့်နေရာသတင်းအချက်အလက်တွေကိုမှတ်တမ်းတင်ထားဖို့ကိုလည်း အာဏာပိုင်တွေက တောင်းဆိုမှာဖြစ်ပါတယ်။ အဲဒီလို ဝင်ရောက်လာသူတွေဟာ ဂျပန်ကိုရောက်ပြီး ၁၄ ရက်အထိ၊ အိမ်မှာ ဒါမှမဟုတ် တခြားနေရာတွေမှာ မိမိတို့ဖါသာ သီးသန့်ခွဲပြီး နေထိုင်ရမှာလည်းဖြစ်ပါတယ်။