ဂျပန်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အခြေအနေ ဆိုးဝါးလာနေတယ်လို့ အချက်အလက်များက ဖော်ပြ

ဂျပန်နိုင်ငံရဲ့ ၄၇ ခရိုင်ထဲက တချို့ခရိုင်တွေမှာ ဆေးရုံကလစ်လပ်တဲ့ လူနာကုတင်အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အခြေအနေကို အကဲဖြတ်ဖို့သုံးတဲ့ အညွှန်းစဉ်ထဲက အကျပ်အတည်းဆုံးအဆင့်ကို ရောက်နေပြီ ဖြစ်ပါတယ်။

ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အဲဒီအချက်အလက်တွေကို သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဆေးရုံကလစ်လပ်တဲ့ လူနာကုတင်အချိုးအစားနဲ့ပတ်သက်ပြီးဆိုရင် တိုကျို၊ Hyogo၊ အိုစာကာ နဲ့ Saitama ခရိုင်တွေဟာ အဆင့် ၄ ကို ရောက်နေပြီဖြစ်ပါတယ်။ ဒါဟာ အဆိုးဝါးဆုံး အဆင့်ဖြစ်ပြီး ကုတင်အရေအတွက် ၅၀ ရာခိုင်နှုန်းနဲ့အထက်ကို အသုံးပြုနေရတယ်လို့ အဓိပ္ပာယ်ရပါတယ်။ အင်္ဂါနေ့အထိ ဒီရာခိုင်နှုန်းက တိုကျို မှာ ၇၈.၁ ရာခိုင်နှုန်း၊ Hyogo မှာ ၇၀.၁ ရာခိုင်နှုန်း၊ အိုစာကာ မှာ ၆၄.၄ ရာခိုင်နှုန်း နဲ့ Saitama မှာ ၅၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အလွန်အခြေအနေဆိုးတဲ့လူနာတွေအတွက်ကုတင်အရေအတွက်နဲ့ ပြောရရင် တိုကျို၊ နဲ့ အိုစာကာ မှာ အဆင့် ၄ ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ တိုကျို မှာ ၈၇.၄ ရာခိုင်နှုန်း နဲ့ အိုစာကာ မှာ ၆၄.၇ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့အထိ သီတင်းပတ်ထဲအတွင်း PCR စစ်ဆေးမှုနဲ့ ကူးစက်မှုခံထားရကြောင်းသိရတာက Hyogo မှာ ၂၁.၃ ရာခိုင်နှုန်း၊ Chiba မှာ ၂၀.၅ ရာခိုင်နှုန်း၊ Kanagawa မှာ ၁၆ ရာခိုင်နှုန်း၊ တိုကျို မှာ ၁၄.၁ ရာခိုင်နှုန်း၊ Saitama မှာ ၁၃.၉ ရာခိုင်နှုန်း၊ ကျိုတို မှာ ၁၁.၂ ရာခိုင်နှုန်း နဲ့ အိုစာကာ မှာ ၁၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ နှစ်သစ်ကူးကာလမှာ PCR စစ်ဆေးမှု သိပ်မလုပ်နိုင်ခဲ့တာကြောင့် အခုလို ရာခိုင်နှုန်းများလာခဲ့ရတာလို့ သက်ဆိုင်ရာအရာရှိတွေက ဆိုပါတယ်။