တိုကျိုတွင် စနေနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၂၆၈ ဦးရှိ

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က စနေနေ့မွန်းလွဲ ၃ နာရီအချိန်မှာ တိုကျိုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၂၂၆၈ ဦးရှိတယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။

ဒီအရေအတွက်ဟာ တတိယမြောက်အများဆုံးဖြစ်ပြီး နေ့စဉ်ကူးစက်ခံရသူ အ‌ရေအတွက် ၂၀၀၀ ကျော်ရှိတာဟာ ၃ ရက်ဆက်တိုက်ဖြစ်ပါတယ်။
အခုဆိုရင် တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ အတည်ပြုခံရသူ စုစုပေါင်း ၇၃၄၅၀ ဦးရှိသွားပြီဖြစ်ပါတယ်။