ဂျပန် အိမ်ထောင်စုအသုံးစရိတ် ၂လဆက်တိုက် မြင့်တက်

ဂျပန်ပြည်သူတွေဟာ စားသောက်ကုန်ပစ္စည်းနဲ့ နေ့စဉ်သုံးပစ္စည်းတွေအတွက် ငွေကြေး ပိုမိုသုံးစွဲလာကြတဲ့အတွက် နိုင်ငံရဲ့ အိမ်ထောင်စုအသုံးစရိတ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ၂လဆက်တိုက် မြင့်တက်လာခဲ့ပါတယ်။

ဂျပန်ပြည်ထဲရေးဝန်ကြီးဌာနက ကောက်ယူခဲ့တဲ့ စစ်တမ်းအရ လူနှစ်ဦးနဲ့အထက်ရှိတဲ့ အိမ်ထောင်စုတွေဟာ ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၂၇၀၀ လောက် သုံးစွဲခဲ့ကြပါတယ်။ ဒါဟာ ၂၀၁၉ခုနှစ် နိုဝင်ဘာလကထက် ၁.၁ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရထားအသုံးပြုပြီးသွားလာခြင်းနဲ့ အပြင်မှာစားသောက်ခြင်းတွေဟာ သိသိသာသာ လျော့ကျခဲ့ပါတယ်။
ဒါပေမဲ့ ပြည်သူတွေဟာ အသီးအရွက်နဲ့ အသားငါး စတဲ့ စားသောက်ကုန်ပစ္စည်းတွေအတွက် ငွေကြေး ပိုမိုသုံးစွဲလာကြပြီး လျှပ်စစ်မီးဖိုးနဲ့ ရေဖိုးအတွက် ကုန်ကျစရိတ်တွေဟာလည်း ပိုများလာခဲ့ပါတယ်။