သမ္မတ Trump ရွေးကောက်ပွဲရလဒ်ကို လက်ခံ

မစ္စတာ Joe Biden ဟာ နောက်လာမယ့် သမ္မတဖြစ်တယ် ဆိုတာကို အမေရိကန်သမ္မတ Donald Trump က အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ကြာသပတေးနေ့က တွစ်တာလူမှုကွန်ယက်မှာ တင်ထားတဲ့ ဗီဒီယိုမှတ်တမ်းမှာ မစ္စတာ Trump က “အခုဆိုရင် ကွန်ဂရက်ဟာ ရလဒ်တွေကို အတည်ပြုလိုက်ပြီ၊ ဇန်နဝါရီလ ၂၀ ရက်နေ့ကျရင် အစိုးရသစ်ပေါ်ထွက်လာတော့မှာဖြစ်ပါတယ်၊ ကျွန်တော့်အနေနဲ့ အခုအခါ အာရုံထားတာကတော့ အာဏာလွှဲပြောင်းရေးဟာ ချောမွေ့စွာနဲ့ အစီအစဉ်တကျနဲ့ အထစ်အ‌ငေါ့မရှိပဲ ဖြစ်ထွန်းရေးပဲဖြစ်ပါတယ်” ပြောဆိုထားပါတယ်။
“အခုအချိန်အခိုက်အတန့်ဟာ ပြန်လည်ကုစားရေးနဲ့ ရင်ကြားစေ့ရေးပဲဖြစ်ပါတယ်” လို့လည်း ဖြည့်စွက်ပြောထားပါသေးတယ်။