ဂျပန်ပင်လယ်ကမ်းရိုးတန်းမှာ နှင်းတွေသည်းထန်ပြီး မုန်တိုင်း ဆက်လက်ဖြစ်ပေါ်

ဂျပန်ပင်လယ်တစ်လျှောက်မှာ နှင်းတွေ သည်းသည်းထန်ထန် ဆက်ကျနေတဲ့အတွက် တချို့ဧရိယာတွေမှာ အလျင်အမြန်နဲ့ နှင်းတွေ စုပုံကျလာနိုင်တယ်လို့ မိုးလေဝသအရာရှိတွေက သတိပေးနေပါတယ်။ ဂျပန်နိုင်ငံမြောက်ပိုင်းမှာ လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့လည်း အဲဒီအရာရှိတွေက ခန့်မှန်းထား ပါတယ်။

လေဖိအားနည်းရပ်ဝန်းတစ်ခုဟာ ကြီးထွားလာနေပြီး ဂျပန်ကျွန်းစုပေါ်က ဆောင်းရာသီလေဖိအားပုံစံဟာ အဓိကအားဖြင့် ဂျပန့်ပင်လယ်ကမ်းရိုးတန်းဧရိယာတွေမှာ ရံဖန်ရံခါမှာ နှင်းတွေ ကျနိုင်တယ်လို့ မိုးလေဝသ အေဂျင်စီက ပြောပါတယ်။
နှင်းတွေဟာ တောင်ထူတပ်တဲ့ဧရိယာတွေမှာ အထူးသဖြင့် ဟိုကုလိကု ဒေသမှာ အကြီးအကျယ် ကျနေတယ်လို့ မိုးလေဝသအရာရှိတွေက ပြောပါတယ်။
နှင်းသည်းသည်းထန်ထန်ကျတာတွေဟာ ဂျပန့်ပင်လယ်တစ်လျှောက်က မြေနိမ့်ပိုင်းဒေသတွေနဲ့ ပစိဖိတ်ကမ်းရိုးတန်းဘက်က တောင်တန်းဒေသတွေမှာ တနင်္ဂနွေနေ့အထိ ဆက်ကျနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
မုန်တိုင်းတွေနဲ့ လှိုင်းကြီးတာတွေ အပြင် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နိုင်တဲ့အတွက် အဲဒီဒေသတွေက ပြည်သူတွေကို မိုးလေဝသအရာရှိတွေက သတိပေးနေပါတယ်။ နှင်းတောင်ပြိုကျတာ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်တာတွေ၊ သစ်ပင်တွေ လဲကျတာနဲ့ နှင်းတွေ ဖယ်ရှားစဉ်အတွင်း မတော်တဆ ဖြစ်တာတွေနဲ့ ပတ်သက်ပြီး သတိထားကြဖို့လည်း မိုးလေဝသအရာရှိတွေက တိုက်တွန်းနှိုးဆော်နေပါတယ်။