အရေးပေါ်ကြေညာချက်နဲ့အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ ဂျပန်ဝန်ကြီးချုပ် တိုက်တွန်း

တိုကျိုနဲ့ အိမ်နီးချင်းခရိုင် ၃ ခုအတွက် အရေးပေါ် ကြေညာချက် စတင်အသက်ဝင်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေမှုကို ထိန်းချုပ်ရေးမှာ ကူညီပေးကြဖို့ ဂျပန်ဝန်ကြီးချုပ်က ပြည်သူတွေကို တိုက်တွန်းနေပါတယ်။

ဝန်ကြီးချုပ် Suga Yoshihide က သောကြာနေ့မနက်က သတင်းထောက်တွေကို ပြောကြားရာမှာ " လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အလေးထား ဆောင်ရွက်နေပါတယ်။ ဒီအကျပ်အတည်းကို ကျော်လွှားနိုင်ရေး လူတိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်" လို့ ဆိုပါတယ်။
အရေးပေါ် ကြေညာထားတဲ့ တိုကျိုနဲ့ ခရိုင် ၃ ခုမှာ ည ၈ နာရီ နောက်ဆုံးထားပြီး ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ပိတ်ဖို့နဲ့ ဒေသခံတွေကို ည ၈ နာရီနောက်ပိုင်း မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ ဒေသန္တရအုပ်ချုပ်ရေးမှူးတွေက တောင်းဆိုထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ တုံ့ပြန်ကာကွယ်ရေး တာဝန်ခံဝန်ကြီးကလည်း ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေကို အိမ်မှာ အလုပ်လုပ်တာကို ခွင့်ပြုပြီး ရုံးတက်တဲ့ ဝန်ထမ်းအရေအတွက်ကို ၇၀ ရာခိုင်နှုန်းလျှော့ချဖို့ တောင်းဆိုခဲ့ပါတယ်။