တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၂,၃၉၂ ဦးရှိ

တိုကျိုမြို့အုပ်ချုပ်ရေးအဖွဲ့က သောကြာနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် ၂,၃၉၂ ဦးရှိတယ်လို့ သတင်း ထုတ်ပြန်လိုက်ပါတယ်။

တိုကျိုမှာ တစ်နေ့တာ ကူးစက်မှုအသစ်အရေအတွက် ၂ ရက် ဆက်တိုက် ၂,၀၀၀ ကျော်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ကြာသပတေးနေ့က ကူးစက်ခံရသူအသစ် ဦးရေ ၂,၄၄၇ ရှိခဲ့ပါတယ်။
အခုဆိုရင် တိုကျိုမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားသူ စုစုပေါင်း ၇၁,၁၈၂ ဦး ရှိပါတယ်။ ရောဂါပြင်းထန်တဲ့လူနာအရေအတွက်က ကြာသပတေးနေ့က ထက် ၈ ဦးတိုးလာခဲ့ပြီး ဒီနေ့အထိ အမြင့်ဆုံး ၁၂၉ ဦး ရှိပါတယ်။