ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၇,၈၀၃ ဦးရှိပြီး စံချိန်တင်များပြား

ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် တစ်နေ့တာ အရေအတွက်ဟာ ၇,၈၀၃ ဦး ရှိခဲ့ပြီး အမြင့်ဆုံး စံချိန်တင်ခဲ့ပါတယ်။

ဂျပန် တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့တဲ့ ဒီအရေအတွက်ဟာ ဂျပန်အချိန် သောကြာနေ့ ညနေ ၆ နာရီ မိနစ် ၃၀ အချိန်အထိ ကိန်းဂဏန်းဖြစ်ပြီး ၄ ရက်ဆက်တိုက် စံချိန်တင်မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။