အိမ်မွေးတိရစ္ဆာန်တွေ ကျန်းမာဖို့ နတ်ကွန်းမှာ ဆုတောင်းကြ

ဂျပန်နိုင်ငံက အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေဟာ သူတို့ချစ်မြတ်နိုးရတဲ့ တိရစ္ဆာန်တွေ ကျန်းမာရေးကောင်းမွန်စေဖို့ ဂျပန်နိုင်ငံအနောက်ပိုင်း Kumamoto ခရိုင်မှာရှိတဲ့ ရှင်တို နတ်ကွန်းတစ်ခုက နှစ်စဉ်ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ သွားရောက် ဆုတောင်းခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့က Yamaga မြို့မှာရှိတဲ့ Kumairi-Wakamiya နတ်ကွန်းကို အိမ်မွေးတိရစ္ဆာန် ခွေးတွေ၊ ကြောင်တွေ၊ ဆိတ်တွေကို ခေါ်လာတဲ့သူတွေ လာရောက်ခဲ့ကြပါတယ်။ အဲဒီနောက် ရိုးရာအစဉ်အလာအတိုင်း ဘေးအန္တရာယ် ကင်းရေး ဆုတောင်းပေးတာကို ခံယူခဲ့ကြပါတယ်။
အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေဟာ နတ်ကွန်းအနီးပတ်ဝန်းကျင်မှာ သဘာဝအတိုင်းပေါက်နေတဲ့ ဝါးရွက်တွေနဲ့ ပြုလုပ်ထားတဲ့ အဆောင်တွေကို ဝယ်ယူခဲ့ကြပါတယ်။
၁၅၀၀ပြည့်နှစ် နှောင်းပိုင်းလောက်က Kumamoto ရဲတိုက် အရှင်သခင် ဖြစ်ခဲ့သူ ထင်ရှားတဲ့ ဆာမူရိုင်း တစ်ဦးဖြစ်တဲ့ Kato Kiyomasa ရဲ့ မြင်းဟာ အဲဒီနတ်ကွန်းက ဝါးရွက်တွေ စားပြီးတဲ့နောက် နေပြန်ကောင်းလာခဲ့တယ်လို့ ဆိုတဲ့ ဒဏ္ဍာရီတစ်ပုဒ်ကနေ ဒီရိုးရာဓလေ့ အခမ်းအနား စတင်ခဲ့တာ ဖြစ်ပါတယ်။