Nikkei အညွှန်းကိန်း အခိုက်အတန့်အားဖြင့် နှစ် ၃၀ကျော် အတွင်း အမြင့်ဆုံးဖြစ်ခဲ့

အမေရိကန်ပြည်ထောင်စုရဲ့ နောက်ထပ် စီးပွားရေးတွန်းအားပေး လုပ်ငန်းစဉ်တွေအပေါ် မျှော်လင့်ချက်တွေနဲ့ တိုကျိုက ငွေကြေးရင်းနှီးမြှုပ်နှံသူတွေဟာ ကြာသပတေးနေ့မှာ စတော့ရှယ်ယာတွေကို ဝယ်ယူခဲ့ကြပါတယ်။

ဂျပန်အချိန် မနေ့ညက နယူးယောက်မှာ ရှယ်ယာဈေးမြင့်တက်ခဲ့တာကလည်း အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
အဓိကကျတဲ့ Nikkei အညွှန်းကိန်းဟာ ဗုဒ္ဓဟူးနေ့ကထက် ၁.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၇,၄၉၀ မှတ်နဲ့ ဈေးပိတ်ခဲ့ပါတယ်။ ဒီ အညွှန်းကိန်းဟာ အခိုက်အတန့်အားဖြင့် နှစ် ၃၀ ကျော်အတွင်း အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်တစ်လွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ထပ်မံမြင့်တက်လာတဲ့ သတင်းတွေကြောင့် ပြန်ပြီး ကျသွားခဲ့ပါတယ်။
အမေရိကန် ၁၀ နှစ် သက်တမ်း အတိုးနှုန်းက ၁၀ လ လောက်အတွင်း အမြင့်ဆုံးအဆင့်ကို မြင့်တက်ခဲ့ပြီးနောက် ငွေကြေးလုပ်ငန်း စတော့ရှယ်ယာတွေ အဝယ်လိုက်ခဲ့ပါတယ်။
အတိုးနှုန်းမြင့်တာဟာ ဘဏ်တွေကို ပိုမိုငွေချေးလာစေပြီး အမြတ်အစွန်းတွေပိုရလာမယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ယုံကြည်နေပါတယ်။