တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အသစ် ၂,၄၄၇ ဦး အတည်ပြု

ကြာသပတေးနေ့က တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုသူအသစ် ၂,၄၄၇ ဦးရှိတယ်လို့ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပြီး နှစ်ရက်ဆက်တိုက် စံချိန်သစ်တင်တာ ဖြစ်ပါတယ်။

ကူးစက်သူအသစ် တစ်နေ့တာ အရေအတွက် ၂,၀၀၀ ကျော်တာ ပထမဦးဆုံး ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဟူးနေ့က စုစုပေါင်း အရေအတွက် ၁,၅၉၁ ဦးထက် ၈၅၀ ကျော် ခုန်တက်လာတာဖြစ်ပါတယ်။ တစ်နေ့တာ အရေအတွက် ထောင်ကျော်တာ ၃ ရက် ဆက်တိုက် ဖြစ်ပါတယ်။
အခုအခါ တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သူ ၆၈,၇၉၀ ဦး ရှိသွားပြီဖြစ်ပါတယ်။
ရောဂါ ပြင်းထန်သူ အရေအတွက်က ဗုဒ္ဓဟူးနေ့ကထက် ၈ ဦး တိုးလာပြီး ၁၂၁ ဦးရှိလာကာ အများဆုံး စံချိန်သစ် တင်ခဲ့တယ်လို့ တိုကျိုမြို့ အုပ်ချုပ်ရေးအဖွဲ့ အရာရှိတွေက ဆိုပါတယ်။
အရေအတွက်တိုးတဲ့ အရှိန်က အံ့ဩစရာကောင်းလောက်အောင် မြန်နေတယ်လို့ အကြီးတန်းအရာရှိတစ်ဦးက NHK ကို ပြောကြားခဲ့ပါတယ်။
တစ်နေ့တာ ကူးစက်မှုနှုန်းဟာ ၁,၀၀၀ တန်းကနေ ၂,၀၀၀ တန်းကို အရမ်းမြန်မြန် မြင့်တက်ခဲ့တယ်လို့ ဆိုပြီး တိုကျိုမြို့နေပြည်သူတွေ အရေးပေါ် အနေအထားကို သတိပြုပြီး သွားလာနေထိုင်ပုံတွေကို ပြောင်းလဲသင့်နေပြီလို့လည်း အဲဒီ အရာရှိက ပြောပါတယ်။