တိုကျိုနဲ့ အနီးပတ်ဝန်းကျင်အတွက် အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်

ကြာသပတေးနေ့မှာ တိုကျိုဒေသအတွက် ဒုတိယမြောက် အရေးပေါ်အခြေအနေ ကြေညာချက်ကို ဂျပန်ဝန်ကြီးချုပ် Suga Yoshihide က တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

ဒီကြေညာချက်ဟာ တိုကျို၊ Kanagawa ၊ Saitama နဲ့ Chiba ခရိုင်တွေအတွက် အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဒီကြေညာချက်ဟာ သောကြာနေ့ကနေ စတင်အသက်ဝင်လာမှာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ တည်ရှိမှာ ဖြစ်ပါတယ်။
အရေးပေါ်အခြေအနေ ကြေညာထားချိန်မှာ ခရိုင်အုပ်ချုပ်ရေးမှူးတွေဟာ ကူးစက်မှု တားဆီးရေး ကြိုးပမ်းမှုတွေကို ပူးပေါင်းပါဝင်ရေး ဒေသတွင်း နေထိုင်သူတွေကို တောင်းဆိုဖို့ ဥပဒေကြောင်းအရ အခွင့်အာဏာ ရရှိမှာ ဖြစ်ပါတယ်။
မြို့တော်တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်တိုးလာနေကာ ကြာသပတေးနေ့က တစ်နေ့တာ ကူးစက်ခံရသူအသစ် အရေအတွက် စံချိန်သစ်တင်ပြီး ၂,၄၀၀ ကျော်ခဲ့တဲ့ နောက်မှာ အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။