ဂျပန်တစ်လွှားမှာ ကြာသပတေးနေ့က စပြီး မုန်တိုင်းဆန်တဲ့ မိုးလေဝသ ဖြစ်ပေါ်မယ်လို့ ခန့်မှန်း

ဂျပန်ပင်လယ်ဘက်ကမ်းခြေတစ်လျှောက် နှင်းမုန်တိုင်းတွေ ကျရောက်နိုင်ခြေရှိပြီး ဂျပန်နိုင်ငံတစ်လွှားမှာ ကြာသပတေးနေ့က စပြီး မုန်တိုင်းဆန်တဲ့ မိုးလေဝသ ဖြစ်ပေါ်မယ်လို့ ခန့်မှန်းထားပါတယ်။

အလျင်အမြန် ကြီးထွားလာနေတဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခု ကြာသပတေးနေ့က စပြီး ဂျပန် မြောက်ပိုင်းကို ဖြတ်သန်းဖွယ်ရှိပြီး ဆောင်းရာသီ လေဖိအားပုံစံဟာ စနေနေ့အထိ အားကောင်းနေမယ်လို့ မိုးလေဝသ အရာရှိတွေက ဆိုပါတယ်။
ကြာသပတေးနေ့မှာ လေပြင်းတိုက်ခတ်မှုဟာ Tohoku ဒေသမှာ တစ်နာရီကို ၁၄၄ ကီလိုမီတာအထိ၊ Niigata ခရိုင်နဲ့ Hokuriku ၊ Kansai ၊ Hokkaido နဲ့ Chugoku ဒေသတွေမှာ တစ်နာရီကို ၁၂၆ ကီလိုမီတာအထိ ရှိနိုင်ပါတယ်။
အဓိကအားဖြင့် Hokkaido ကနေ Kyushu အထိ ဂျပန်ပင်လယ် ကမ်းခြေဘက်ခြမ်း တောင်တန်းတွေမှာ ကြာသပတေးနေ့ကနေ စနေနေ့အထိ နှင်းသည်းသည်းထန်ထန် ကျမယ်လို့ ခန့်မှန်းထားပါတယ်။
ကြာသပတေးနေ့ မနက်ကနေ ၂၄ နာရီအတွင်း Hokuriku ဒေသမှာ ၉၀ စင်တီမီတာအထိ၊ Niigata ခရိုင်၊ Tohoku နဲ့ Kansai ဒေသတွေမှာ ၇၀ စင်တီမီတာအထိ နှင်းကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။