ဗြိတိန်မှာ တစ်နေ့တာ ကူးစက်ခံရသူ အရေအတွက် ၆၀၀၀၀ ကျော်ရှိ

အင်္ဂါနေ့က ပထမဆုံးအကြိမ်အဖြစ် ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် တစ်နေ့တာအရေအတွက် ၆သောင်းကျော်ခဲ့ပါတယ်။ တရားဝင်စာရင်းအရ ၆၀၉၁၆ ဦး ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။

ဗြိတိန်မှာ အဲဒီနေ့မှာ သေဆုံးသူအရေအတွက် ၈၃၀ဦးရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၇သောင်း ၆ထောင် ကျော်သွားပြီ ဖြစ်ပါတယ်။
ခရီးသွားလာမှု ဆိုင်ရာ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေအပါအဝင် အပြင်မထွက်ရ အမိန့်သစ်ဟာ ဗြိတိန်တစ်ဝန်း အင်္ဂါနေ့က စအသက်ဝင်ခဲ့ပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က တင်းကျပ်တဲ့ လုပ်ငန်းဆောင်ရွက်ချက်အပေါ် ပြည်သူတွေရဲ့ နားလည်မှု ရဖို့ ကြိုးပမ်းနေပါတယ်။ သူက လက်ရှိအခြေအနေကို ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိဘူးဆိုတာကို ကောင်းကောင်းနားလည်ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်လို့ ပြောခဲ့ပါတယ်။
ဗြိတိန်အစိုးရက ဖေဖော်ဝါရီလလယ် နောက်ဆုံးထားပြီး ပြုစုစောင့်ရှောက်ရေး ဂေဟာက သက်ကြီးရွယ်အိုတွေနဲ့ အသက် ၇၀ နဲ့အထက်ရှိသူတွေလိုမျိုး ထိပ်တန်းဦးစားပေးအုပ်စုက လူ ၁၃သန်းလောက်ကို ကာကွယ်ဆေး ထိုးပေးဖို့ စီစဉ်ထားပါတယ်။