တိုကျိုမှာ ဗုဒ္ဓဟူးနေ့က ရောဂါကူးစက်သူအသစ် ၁၅၉၁ဦး ရှိ

တိုကျိုမှာ ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အသစ် ၁,၅၉၁ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပြီး ဒါဟာ တစ်နေ့တာ ကူးစက်သူအရေအတွက် အများဆုံး ဖြစ်ပါတယ်။

အင်္ဂါနေ့က ကူးစက်ခံရသူ ဦးရေ ၁၂၇၈ ဦးရှိခဲ့ပြီး နောက်ပိုင်း တစ်နေ့တာ ကူးစက်သူအရေအတွက် ၁၀၀၀ ကျော်တာ ၂ရက်ဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။
အခုအခါ တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုခဲ့သူ စုစုပေါင်း ၆၆,၃၄၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ တိုကျိုစံနှုန်းအရ ရောဂါပြင်းထန်တယ်လို့ သတ်မှတ်သူ COVID-19 လူနာအရေအတွက်ဟာ အရင်နေ့ကထက် ၂ဦး တိုးကာ ၁၁၃ ဦး ရှိပါတယ်။ ဒါဟာလည်း အခုအချိန်အထိ အများဆုံး ပမာဏ ဖြစ်ပါတယ်။