တိုကျို အနီးပတ်ဝန်းကျင် ခရိုင် ၃ ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံး စံချိန်တင်ခဲ့

အင်္ဂါနေ့က တိုကျိုအနီးပတ်ဝန်းကျင်က ခရိုင် ၃ခု မှာ ကိုရိုနာဗိုင်းရပ်စ် တစ်နေ့တာ ကူးစက်မှုအရေအတွက် အသီးသီး အများဆုံစံချိန်တင်ခဲ့ပါတယ်။

ဗဟိုအစိုးရဟာ တိုကျိုမြို့တော်နဲ့ အနီးပတ်ဝန်းကျင်က အဲဒီ ၃ ခရိုင်မှာ အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ဖို့ စဉ်းစားနေပါတယ်။
ကူးစက်သူအသစ် အရေအတွက် Kanagawa ခရိုင်မှာ ၆၂၂ ဦး၊ Saitama ခရိုင်မှာ ၃၆၉ ဦး နဲ့ Chiba ခရိုင်မှာ ၂၆၁ အသီးသီး အတည်ပြုခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ကူးစက်သူအသစ် အရေအတွက်ဟာ ဂျပန် အလယ်ပိုင်း Aichi ခရိုင်မှာ ၂၇၃ ဦး၊ အနောက်ပိုင်းက Hyogo ခရိုင်မှာ ၂၂၂ ဦး နဲ့ တိုကျို မြောက်ဘက်က Tochigi ခရိုင်မှာတော့ အမြင့်ဆုံး စံချိန်သစ်အဖြစ် ၁၁၁ ဦး ရှိခဲ့ပါတယ်။