တိုကျိုမှာ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အသစ် ၁,၂၇၈ ဦး အတည်ပြု

တိုကျိုမြို့မှာ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အသစ် ၁,၂၇၈ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပြီး ဒါဟာ တစ်နေ့တာ ကူးစက်သူအရေအတွက် ဒုတိယ အများဆုံး ဖြစ်ပါတယ်။

အရင်တစ်ကြိမ် ကူးစက်သူ အရေအတွက် ၁,၀၀၀ ကျော်ခဲ့တာက နှစ်သစ်ကူးမတိုင်ခင်နေ့ ဖြစ်ပြီး ၁,၃၃၇ ဦး ရှိခဲ့ပါတယ်။
အခုနောက်ဆုံး အင်္ဂါနေ့ရဲ့ တစ်နေ့တာ ပမာဏဟာ လွန်ခဲ့တဲ့ သီတင်းတစ်ပတ် အကြာက ၈၅၆ ဦး ဆိုတဲ့ စံချိန်ကို သိသိသာသာ ကျော်လွန်နေတာ ဖြစ်ပြီး အင်္ဂါနေ့တွေထဲမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ အခုအခါ တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုခဲ့သူ စုစုပေါင်း ၆၄,၇၅၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
တိုကျိုမြို့အုပ်ချုပ်ရေး အရာရှိတွေက ရောဂါပြင်းထန်တဲ့ လူနာအရေအတွက်ဟာ အရင်နေ့ကထက် ၃ဦး တိုးကာ ၁၁၁ ဦး ရှိလာတယ်လို့ ဆိုပါတယ်။ ဒါဟာ အခုအချိန်အထိ အများဆုံး ပမာဏ ဖြစ်ပါတယ်။