၂၀၂၁ ခုနှစ်မှာ ပထမဆုံးပြုလုပ်တဲ့ ငါးပူတင်း လေလံတင်ပွဲ ကပ်ရောဂါကြောင့် ထိခိုက်

အခုနှစ်အတွက် ပထမဆုံးကျင်းပတဲ့ ငါးပူတင်း လေလံတင် ရောင်းချတဲ့ပွဲကို ဂျပန်နိုင်ငံအနောက်ပိုင်း Yamaguchi ခရိုင်က Shimonoseki မြို့မှာ ကျင်းပခဲ့ပါတယ်။

Shimonoseki မြို့ဟာ ဂျပန်မှာ ဆောင်းရာသီ စားသောက်ဖွယ်ရာဖြစ်တဲ့ ငါးပူတင်းတွေ ရောင်းချတဲ့ အကြီးဆုံးစျေးကြီးရှိတဲ့ မြို့ဖြစ်ပါတယ်။
မွေးမြူထားတာ နဲ့ ပင်လယ်ထဲက ဖမ်းထားတဲ့ Torafugu လို့ခေါ်တဲ့ ငါးပူတင်း ၆ တန်ကျော် ကို တနင်္လာနေ့မနက်စောစောပိုင်းက Haedomari ငါးစျေးမှာ လေလံတင် ရောင်းချခဲ့ပါတယ်။
လေလံပွဲကို မနက်၃နာရီထိုးပြီးစမှာ စတင်ခဲ့ပါတယ်။
အမြင့်ဆုံးရရှိခဲ့တဲ့ လေလံစျေးကတော့ တစ်ကီလိုဂရမ်ကို အမေရိကန် ၁၄၅ ဒေါ်လာလောက်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က စျေးရဲ့ ၄ ပုံ ၃ ပုံလောက်ပဲ ရှိပါတယ်။
လေလံစျေးထိုင်းမှိုင်းခဲ့တာဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်နေတဲ့ အတောအတွင်း စားသောက်ဆိုင်တွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေရဲ့ ဝယ်လိုအား ကျနေတာကြောင့်လို့ ထင်ရပါတယ်။
ငါးပူတင်းတွေကို အဓိကအားဖြင့် တိုကျိုနဲ့အိုစာကာမြို့ကြီး တွေကို တင်ပို့သွားမှာဖြစ်ပါတယ်။
ငါးလက်ကားစျေးကြီးရဲ့ ဥက္ကဋ္ဌဖြစ်သူက ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစိုးရက နောက်ထပ် အရေးပေါ်အခြေအနေကြေညာဖို့ ဆုံးဖြတ်မယ်ဆိုရင် ငါးပူတင်းစျေးတွေဟာ အများကြီးထပ်ကျသွားဖို့ရှိတယ်လို့ ဆိုပါတယ်။ ငါးပူတင်းတွေကို လူတွေပိုပြီး နှစ်နှစ်သက်သက် စားသုံးလာကြမယ်လို့ မျှော်လင့်ကြောင်း သူက ပြောခဲ့ပါတယ်။