ဂျပန်နိုင်ငံခြားရေးဝန်ကြီး လက်တင်အမေရိကနဲ့ အာဖရိက ကို သွားမည်

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu ဟာ ဂျပန်နိုင်ငံက ဦးစီးလုပ်ဆောင်နေတဲ့ "လွတ်လပ် ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်" အစီအစဉ်ကို လှုံ့ဆော်ဖို့ လက်တင်အမေရိကနဲ့ အာဖရိက နိုင်ငံတွေကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

မစ္စတာ Motegi ဟာ ဇန်နဝါရီလ ၄ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ နိုင်ငံ ၈ နိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။ လက်တင်အမေရိကနိုင်ငံတွေထဲမှာ မက္ကဆီကို၊ ဥရုဂွေး၊ အာဂျင်တီးနား၊ ပါရာဂွေး နဲ့ ဘရာဇီး နိုင်ငံတွေ ဖြစ်ပြီး အာဖရိကနိုင်ငံတွေထဲမှာတော့ ဆီနီဂေါ၊ နိုင်ဂျီးရီးယားနဲ့ ကင်ညာ နိုင်ငံ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လိုတုံ့ပြန်ဆောင်ရွက်မလဲဆိုတာ တွေကို မစ္စတာ Motegi က လက်တင်အမေရိကနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် မစ္စတာ Motegi က စီးပွားရေးနဲ့ ပတ်သက်ပြီး အနီးကပ်ဆက်ဆံမှုတွေကို တိုးမြှင့်ဖို့နဲ့ အဲဒီနိုင်ငံတွေမှာ ဂျပန်ကုမ္ပဏီတွေအတွက် လုပ်ငန်းလုပ်ကိုင်နိုင်မယ့် ပတ်ဝန်းကျင်ကို ဘယ်လိုတိုးတက်အောင် လုပ်ဆောင်မလဲဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့လည်း စီစဉ်ထားပါတယ်။
အာဖရိကမှာတော့ မစ္စတာ Motegi ဟာ လာမယ့်နှစ် တူနီးရှားနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဂျပန်က ဦးဆောင်တဲ့ အာဖရိကဖွံ့ဖြိုးတိုးတက်ရေး တိုကျိုနိုင်ငံတကာညီလာခံ (TICAD) မှာ "လွတ်လပ် ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်" အစီအစဉ်အတွက် ပူးပေါင်းဆောင်ရွက်ရေး
ကိုလည်း ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။