တိုကျိုတွင် တနင်္လာနေ့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၈၈၄ဦးရှိ

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က တနင်္လာနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၈၈၄ ဦးရှိတယ်လို့ အစီရင်ခံထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ ကပ်ရောဂါစတင်ခဲ့ပြီးတဲ့နောက်ပိုင်း တနင်္လာနေတွေမှာ အတည်ပြုခဲ့တဲ့အထဲမှာ အရေအတွက်အများဆုံးဖြစ်ပါတယ်။ သီတင်းတစ်ပတ်မတိုင်မီကရှိခဲ့တဲ့ စံချိန်တင်အရေအတွက် ဖြစ်တဲ့ ၄၈၁ ဦးထက် များစွာကျော်လွန်သွားခဲ့တာဖြစ်ပါတယ်။ နေ့စဉ်ကူးစက်မှုအရေအတွက် ၈၀၀ ကျော်ရှိတာဟာလည်း ၃ ရက်ဆက်တိုက်ဖြစ်ပါတယ်။
တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့အရာရှိတွေက စိုးရိမ်ရတဲ့လူနာ အရေအတွက်ဟာလည်း ၁၀၈ ဦးရှိပြီး တနင်္ဂနွေနေ့ကထက် ၇ ဦးပိုများတယ်လို့ ဆိုပါတယ်။ အဲဒီအရေအတွက်ဟာလည်း အခုအချိန်ထိ အများဆုံးဖြစ်ပါတယ်။