ပါရာလင်းပစ်မှာ ရောဂါကူးစက်မှုအတွက်အထူးကာကွယ်ဖို့လို

ရက်ရွှေ့ဆိုင်းထားတဲ့ တိုကျိုပါရာလင်းပစ်အားကစားပြိုင်ပွဲ စီစဉ်ကျင်းပ သူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေ ရပါတယ်။ အထူးသဖြင့်၊အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေး အခက်အခဲရှိတဲ့ အားကစားသမားတစ်ချို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံရလျှင် ရောဂါဝေဒနာ ဆိုးရွားနိုင်တဲ့အတွက် အန္တရာယ်ကြီးမားလှပါတယ်။
တိုကျို ပါရာလင်းပစ်ပွဲကို အိုလံပစ်ပွဲတော်အပြီး ၁၆ရက်အကြာ၊ ဩဂုတ်လ ၂၄ရက်ကနေ စတင်ကျင်းပမှာဖြစ်ပါတယ်။ ၁၃ရက်ဝာာကျင်းပမယ့် ပါရာလင်းပစ်ပြိုင်ပွဲမှာ အားကစားသမား ၄၄၀၀ က အားကစား ၂၂မျိုးနဲ့ ပြိုင်ပွဲ ၅၃၉ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပါတယ်။ပွဲကြည့် ပရိသတ်တွေအထဲမှာ မသန်စွမ်းသူတွေနဲ့ သူတို့ကို ပြုစုစောင့်ရှောက်သူတွေ အတော်များများ ပါဝင်မယ်လို့ ခန့်မှန်းရပါတယ်။ ပွဲကြည့်နေစဉ်မှာ သူတို့အချင်းချင်း အနီးကပ်ထိတွေ့မှုတွေရှိနိုင်ပါတယ်။
နိုင်ငံတကာ အားကစားအဖွဲ့အစည်းတွေနဲ့ အပြည်ပြည်ဆိုင်ရာ ပါရာလင်းပစ် ကော်မတီက ရောဂါကူးစက်မှုအန္တရာယ်တွေကို လျှော့ချနိုင်ဖို့အတွက် စီမံဆောင်ရွက်ဖို့ ကြိုးပမ်းနေပါ တယ်။
ပါရာလင်းပစ်အားကစားသမားတွေ အချင်းချင်း ခပ်ခွာခွာနေနိုင်အောင် ဘယ်လိုလုပ်မလဲ ၊ ဗိုင်းရပ်စ်ပါဝင်တဲ့ အရည်အမှုန်အမွှားတွေကနေ ကာကွယ်နိုင်ဖို့နဲ့ သူတို့ရဲ့ အားကစားပစ္စည်းနဲ့အသုံးအဆောင်တွေကို ရောဂါပိုးသန့်စင်အောင်ပိုးသတ်တာတွေလုပ်ဖို့ အပါအဝင် နည်းလမ်းတွေကို လေ့လာနေပါတယ်။
ဒါပေမယ့် ကပ်ရောဂါကူးစက်မှုတွေဆက်ဖြစ်နေတာကြောင့် နိုင်ငံတကာ မသန်စွမ်းသူများအားကစားပွဲတွေ ဖျက်သိမ်းခဲ့ရပြီး လက်ရွေးစင်အားကစား သမားရွေးချယ်မှုလုပ်ငန်းစဉ်တွေနဲ့ အားကစားသမားတွေကို လေ့ကျင့်ပေး မှုတွေအပေါ် ထိခိုက်မှုရှိနေပါတယ်။
အခုလိုအချက်တွေကြောင့် အားကစားသမားတွေနဲ့ ပွဲကြည့်ပရိသတ်တွေကို ကိုရိုနာဗိုင်းရပ်စ်ဘေး အန္တရာယ်ကနေ ကာကွယ်ဖို့လုပ်ဆောင်နေရတဲ့ ပါရာလင်းပစ် စီစဉ်ကျင်းပသူတွေဟာ ပိုပြီးအတားအဆီးတွေ တွေ့နေရပါတယ်၊၊