တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူအသစ် ၈၁၆ဦး အတည်ပြု

တနင်္ဂနွေနေ့က ဂျပန်နိုင်ငံရဲ့မြို့တော် တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အသစ် ၈၁၆ဦးရှိခဲ့တယ်လို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့က အစီရင်ခံခဲ့ပါတယ်။
ဒါဟာ တနင်္ဂနွေနေ့တွေအတွင်း တိုကျိုမှာ ကူးစက်သူအရေအတွက် အများဆုံး ဖြစ်ပါတယ်။
အခုအခါတိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေ စုစုပေါင်း ၆၂,၅၉၀ဦး ရှိနေပြီဖြစ်ပါတယ်။
စနေနေ့ကစပြီး အသည်းအသန်လူနာ အရေအတွက်ဟာလည်း ၁၀၁ဦးအထိ ရှိခဲ့တယ်လို့ အရာရှိတွေက ဆိုပါတယ်။
ဒါဟာ မေလက အရေးပေါ်အခြေအနေရုပ်သိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အသည်းအသန်လူနာအရေအတွက် ၁၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။