မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းကို မလေးရှားနဲ့ စင်ကာပူ ဖျက်သိမ်း

နှစ်နိုင်ငံအကြား မြန်နှုန်းမြင့်ရထားလမ်းတည်ဆောက်ဖို့ နှောင့်နှေးခဲ့တဲ့ စီမံကိန်းကို ရပ်စဲကြောင်း ပူးတွဲကြေညာချက်တစ်စောင်ကို မလေးရှားနဲ့ စင်္ကာပူတို့ က သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ မြို့တော် Kuala Lumpur နဲ့ အိမ်နီးချင်း Singapore တို့ကို ဆက်သွယ်ထားတဲ့ ကီလိုမီတာ ၃၅၀ ရှည်လျားတဲ့ အဲဒီ ရထားလမ်းကြောင်းဟာ နှစ်နိုင်ငံကြား ခရီးသွားချိန်ကို မိနစ် ၉၀ အထိ လျှော့ချမှာ ဖြစ်ပါတယ်။
နှစ်နိုင်ငံအနေဖြင့် အဲဒီရထားလမ်းကို ၂၀၂၆ ခုနှစ်မှာ အသုံးပြုနိုင်ရန် မူလက ရည်ရွယ်ထားခဲ့ပေမယ့် မလေးရှားနိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေ ပိုမိုဆိုးရွားလာခဲ့တဲ့အတွကိ အဲဒီအစီအစဉ်ကို ရပ်ဆိုင်းခဲ့ရပါတယ်။
စီမံကိန်း ဖြစ်မြောက်ဖို့အတွက် ဖြစ်နိုင်ချေရှိတဲ့ အပြောင်းအလဲတွေကို ဆွေးနွေးခဲ့ကြပေမယ့် ဆိုင်းငံ့မှုကာလကုန်ဆုံးမယ့် ဒီဇင်ဘာလ ၃၁ရက် မတိုင်မီ သဘောတူညီချက် မရရှိခဲ့ကြဘူးလို့ သိရပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ရဲ့ အကြောင်းရင်း တစ်ရပ်အဖြစ် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ ဘဏ္ဍာရေးပေါ် ဂယက်ရိုက်မှုကို မလေးရှားအစိုးရ က ဖော်ပြခဲ့ပါတယ်။