ကာလလတ် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချရေး ရည်မှန်းချက်ကို ဂျပန် ပြန်လည်သုံးသပ်

၂၀၃၀ ဘဏ္ဍာ ရေးနှစ်မတိုင်မီ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ကို ၂၀၁၃ ဘဏ္ဍာရေးနှစ်မှာရှိခဲ့တဲ့ အဆင့်တွေကနေ ၂၆ ရာခိုင်နှုန်း လျှော့ချဖို့အတွက် ကာလလတ် ရည်မှန်းချက်ကို ၂၀၂၁ ခုနှစ်မှာ ဂျပန်အစိုးရက ပြန်လည်သုံးသပ်မှာ ဖြစ်ပါတယ်။

လိုအပ်တဲ့ အစီအမံတွေကို လေ့လာပြီး တိကျတဲ့ လမ်းပြမြေပုံ ချမှတ်ခြင်းဖြင့် ၂၀၅၀ ပြည့်နှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို လက်တွေ့အားဖြင့် သုညအထိ လျှော့ချရေး ကြိုးပမ်းမှုတွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားဖို့ ရည်ရွယ်ပါတယ်။
ဒီဆောင်းဦးရာသီမှာ အဲဒီလို လျှော့ချမယ့် ပမာဏကို ပိုမိုမြှင့်တင်ဖို့နဲ့ အဲဒီကိန်းဂဏန်းကို တိကျတဲ့ အစီအမံတွေနဲ့ အတူ ကုလသမဂ္ဂကို တင်ပြဖို့ အစိုးရတာဝန်ရှိသူတွေက မျှော်လင့်နေပါတယ်။
ဒီရည်မှန်းချက် အသစ်ကို ဗြိတိန်နိုင်ငံမှာ နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ COP 26 ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာညီလာခံ မှာ ကြေညာဖို့ အရာရှိတွေက လိုလားနေပါတယ်။
နိုင်ငံတော်တော်များများက ၂၀၅၀ ပြည့်နှစ် မတိုင်မီ ကာဗွန်ဒိုင်အောက်ဆိုဒ် အသားတင် ထုတ်လွှတ်မှု သုည အထိ ကျဆင်းရေး ရည်မှန်းချက်ကို ကြေငြာလိုက်ပြီး ၂၀၃၀ပြည့်နှစ်အတွက် သတ်မှတ်ထားတဲ့ ကာလလတ် ရည်မှန်းချက်တွေကို ပြန်လည်သုံးသပ်နေကြပါတယ်။
ဗြိတိန် က ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှုကို ၁၉၉၀ ပြည့်နှစ်တွေတုန်းက ထုတ်လွှတ်ခဲ့တဲ့ အဆင့်တွေကနေ ၂၀၃၀ ပြည့်နှစ် မတိုင်မီ အနည်းဆုံး ၆၈ ရာခိုင်နှုန်း လျှော့ချဖို့ ရည်မှန်းထားကြောင်း ဒီဇင်ဘာလ မှာ ကြေညာခဲ့ပါတယ်။