ဂျပန်ပင်လယ်ကမ်းခြေဘက်မှာ နှင်းမုန်တိုင်းအကြီးအကျယ်တိုက်ခတ်

အင်အားပြင်းထန်လှတဲ့ နှင်းမုန်တိုင်းတစ်ခုဟာ ဂျပန်ပင်လယ်ကမ်းခြေတစ်လျှောက် အဓိကအားဖြင့်တောင်ထူထပ်တဲ့ ဧရိယာတွေမှာ နှစ်ဆန်းတစ်ရက်နေ့က ပိုပြီး ပြင်းထန်လာနေပါတယ်။

Niigata ခရိုင်တစ်လျှောက် ၊ Hokuriku ဒေသ၊ Tohoku ဒေသက ဂျပန်ပင်လယ်ကမ်းခြေတွေမှာ နှင်းအကြီးအကျယ်ကျနေတယ်လို့ မိုးလေဝသအေဂျင်စီက ပြောပါတယ်။
အလွန်အေးတဲ့လေထုကြီးနဲ့ အင်အားကြီးမားတဲ့ ဆောင်းရာသီလေဖိအားရပ်ဝန်းတစ်ခုတို့ပေါင်းစပ်မှုကြောင့် အဲဒီမုန်တိုင်းဖြစ်ပေါ်လာခဲ့တာပါ။
နှင်းတွေဟာ တနင်္ဂနွေနေ့အထိ ဆက်လက်ကျဖွယ်ရာရှိပြီး မြေနိမ့်အရပ်တွေမှာလည်း နှင်းကျမှာဖြစ်ပါတယ်။
မိုးလေဝသအရာရှိတွေက စနေနေ့မနက်ပိုင်းအထိ ၂၄ နာရီအတွင်း Niigata ခရိုင်မှာ ၈၀ စင်တီမီတာအထိ နှင်းကျဖွယ်ရာရှိပြီး၊ Tohoku ဒေသရဲ့ ဂျပန်ပင်လယ်ကမ်းခြေတစ်လျှောက်မှာ ၇၀ စင်တီမီတာ၊ Gifu ခရိုင်၊ Hokuriki ဒေသနဲ့ Kansai ဒေသမြောက်ပိုင်းတို့မှာ ၆၀ စင်တီမီတာ ၊ Hokkaido မှာ ၅၀ စင်တီမီတာ ၊ Kanto ဒေသမြောက်ပိုင်းမှာ ၄၀ စင်တီမီတာ နဲ့ Nagano ခရိုင်မှာ ၃၀ စင်တီမီတာ အသီးသီးကျဖွယ်ရာရှိတယ်လို့ မိုးလေဝသအရာရှိတွေက ခန့်မှန်းကြပါတယ်။
အိမ်ခေါင်မိုးနဲ့ သစ်ပင်တွေပေါ်ကနေ နှင်းတွေပြုတ်ကျလာတာ၊ နှင်းတောင်ပြိုတာတွေနဲ့ အများပြည်သူသယ်ယူပို့ဆောင်မှုတွေ ပြတ်တောက်သွားနိုင်‌ခြေကို သတိထားကြဖို့ မိုးလေဝသအေဂျင်စီက ပြည်သူတွေကို တိုက်တွန်းနေပါတယ်။