ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့နဲ့ စီးပွားရေး သက်ဝင်လှုပ်ရှားလာဖို့ ဂျပန်ဝန်ကြီးချုပ် ကတိပြု

ဂျပန်ဝန်ကြီးချုပ် Suga Yoshihide က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားရာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့နဲ့ စီးပွားရေး ပြန်လည်သက်ဝင်လှုပ်ရှားလာဖို့ နဲ့ ပတ်သက်တဲ့ သူ့ရဲ့ ကတိကဝတ်တွေကို အလေးအနက်ထား ပြောကြားခဲ့ပါတယ်။

မစ္စတာ Suga က ကူးစက်မှုတွေ နောက်ထပ်မပြန့်ပွားအောင် တားဆီးဖို့ နဲ့ ဂျပန်နိုင်ငံက ပြည်သူတွေကို ကာကွယ်ဖို့ သူလုပ်နိုင်သမျှ အကုန်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူ့အစိုးရဟာ တီထွင်ဆန်းသစ်မှုတွေကို လှုံ့ဆော်အားပေးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပံ့ပိုးပေးသွားမှာ ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍပြုပြင်ပြောင်းလဲဖို့ နဲ့ ဒေသန္တရ စီးပွားရေးလုပ်ငန်းတွေ အသက်ဝင်လာဖို့ ခရီးသွားလုပ်ငန်းတွေကို အားပေးသွားမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး မစ္စတာ Suga က ဂျပန်-အမေရိကန် မဟာမိတ်ဆက်ဆံရေးကို အခြေခံ အုတ်မြစ်အဖြစ်ထားပြီး လွတ်လပ် ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသဖော်ဆောင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မစ္စတာ Suga က သူ့အစိုးရအဖွဲ့ဟာ ကမ္ဘာကြီးရဲ့ စည်းလုံးမှု သင်္ကေတဖြစ်လာမယ်လို့ သူက ဆိုတဲ့ နွေရာသီမှာ ကျင်းပမယ့် အိုလံပစ်နဲ့ ပါရာလင်းပစ်ပွဲတွေကို ဘေးကင်းလုံခြုံစိတ်ချစွာ ကျင်းပနိုင်ဖို့ပြင်ဆင်မှုတွေကို ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့ ကတိပြုပါတယ်။ ၂၀၂၀ တိုကျိုအိုလံပစ်ပွဲတွေဟာ ကပ်ရောဂါကြောင့် တစ်နှစ်ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။