တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအသစ် သောကြာနေ့မှာ ၇၈၃ ဦးရှိကြောင်း အတည်ပြု

သောကြာနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၇၈၃ ဦး ရှိတယ်လို့ အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က အရာရှိတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်သောကြာနေ့က ၈၈၄ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဒီအရေအတွက်ဟာ သောကြာနေ့တွေထဲမှာ ဒုတိယ အမြင့်ဆုံးဖြစ်ပါတယ်။
အခုအခါ တိုကျိုမှာ ကူးစက်ခံရသူ စုစုပေါင်း ၆၀,၉၆၀ဦး ရှိလာပြီဖြစ်ပါတယ်။