နှစ်သစ်ကူးချိန် ဂျပန်မှာ နှင်းသည်းထန်မယ်လို့ ခန့်မှန်း

ဂျပန် မိုးလေဝသ အေဂျင်စီက နိုင်ငံရဲ့ဒေသ အများအပြားမှာ နှစ်သစ်ကူး အားလပ်ရက်အတွင်း နှင်းသည်းသည်းထန်ထန် ကျမယ်လို့ သတိပေးလိုက်ပါတယ်။

လမ်းပန်းဆက်သွယ်ရေး အနှောင့်အယှက်ဖြစ်မှုနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်နိုင်ခြေရှိတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ အိမ်ခေါင်မိုးတွေပေါ်က နှင်းတွေပြိုကျတာနဲ့ နှင်းတောင်ပြိုမှုတွေကို သတိထားဖို့လည်း တိုက်တွန်းနေပါတယ်။
ဂျပန်နိုင်ငံ အပေါ်မှာရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ လေအေးထုတစ်ခုကြောင့် ပြင်းထန်ဆိုးရွားတဲ့ မိုးလေဝသအနေအထား ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
ကြာသပတေးနေ့မှာ နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကနေ အနောက်တောင်ပိုင်း ကျူးရှူးရဲ့ မြောက်ဘက်ခြမ်းအထိ တောင်တန်းဧရိယာတွေမှာ နှင်းကျခဲ့တယ်လို့ မိုးလေဝသ အေဂျင်စီက ဆိုပါတယ်။
လေအေးထုဟာ နှင်းသည်းသည်းထန်ထန် ကျစေတဲ့ လေဖိအားရပ်ဝန်းပုံစံကို ဖြစ်ပေါ်စေမယ်လို့ မိုးလေဝသ အရာရှိတွေက ခန့်မှန်းထားပါတယ်။
ကြာသပတေးနေ့ ညအထိ ဂျပန်ရဲ့ ကျွန်းမကြီးဖြစ်တဲ့ ဟွန်းရှူးရဲ့ တောင်ပိုင်းနဲ့ အလယ်ပိုင်းက ဂျပန်ပင်လယ်ဘက်ခြမ်းတွေမှာ အထူးသဖြင့် နှင်းတွေပိုပြီး သည်းထန်လာမယ်လို့ သူတို့က သတိပေးနေပါတယ်။
နိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ဂျပန်ပင်လယ် ကမ်းခြေဘက်ခြမ်းမှာ စနေနေ့အထိ ဆက်ပြီး နှင်းကျနိုင်တယ်လို့ မိုးလေဝသ အရာရှိတွေက ဆိုပါတယ်။