တိုကျိုမှာ ဒီဇင်ဘာလ ၃၁ရက်နေ့ ညလုံးပေါက် ရထားပြေးဆွဲမှု မရှိ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတာကို အကြောင်းပြုပြီး နှစ်သစ်ကူးချိန် ညလုံးပေါက် ရထားပြေးဆွဲမှုကို ရပ်ဆိုင်းမယ်လို့ တိုကျိုမြို့က ရထားလိုင်း ကုမ္ပဏီတွေက ပြောပါတယ်။

JR East လို့လည်းခေါ်တဲ့ East Japan Railway ကုမ္ပဏီက Yamanote လိုင်းနဲ့ တခြားလိုင်းတွေမှာ ညလုံးပေါက် ပြေးဆွဲတဲ့ ဝန်ဆောင်မှုကို သာမက နှစ်သစ်ရဲ့ ပထမဦးဆုံး နေထွက်ချိန်အတွက် ပြေးဆွဲပေးတဲ့ အထူးဝန်ဆောင်မှုတစ်ခုကိုပါ ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။
Tokyo Metro ၊ Keio ၊ Keikyu ၊ Keisei ကုမ္ပဏီတွေနဲ့ Rinkai လိုင်းကို ပြေးဆွဲနေတဲ့Tokyo Waterfront Area Rapid Transit စတဲ့ တခြားကုမ္ပဏီတွေဟာလည်း ၃၁ရက်နေ့မှာ ညလုံးပေါက် ရထားပြေးဆွဲတာကို ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။
တိုကျိုနဲ့ အနီးပတ်ဝန်းကျင် ၃ ခရိုင်က အုပ်ချုပ်ရေးမှူးတွေက အဲဒီ ညလုံးပေါက် ရထားပြေးဆွဲတဲ့ ဝန်ဆောင်မှု ရပ်ဆိုင်းဖို့ ကုမ္ပဏီတွေကို တောင်းဆိုခဲ့ကြပါတယ်။
နှစ်သစ်ကူးပြောင်းချိန်မျာ တိုကျိုတစ်ဝိုက်မှာ ဘုန်းတော်ကြီးကျောင်း၊ နတ်ကွန်းနဲ့ ရာသီအလိုက် ပွဲလမ်းတွေမှာ လူတွေအကြီးအကျယ် စုဝေးလေ့ရှိပါတယ်။
Shibuya မြို့နယ်မှာရှိတဲ့ ထင်ရှားကျော်ကြားတဲ့ Meiji Jingu နတ်ကွန်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေကနေ ဇန်နဝါရီလ ၁ ရက်နေ့ မနက်အထိ ပိတ်ထားမှာဖြစ်ပြီး လူကျပ်မှုကို ရှောင်ရှားတဲ့အနေနဲ့ နောက်လာမယ့် သီတင်းပတ်တွေမှာ လာရောက်ကြဖို့ တောင်းဆိုနေပါတယ်။