တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် တစ်နေ့တာ ကူးစက်သူအသစ် ၁,၃၃၇ ဦးရှိ

တိုကျိုမြို့မှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အသစ် ၁,၃၃၇ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒါဟာ တစ်နေ့တာ ကူးစက်သူအရေအတွက် ပထမဦးဆုံး ၁,၀၀၀ ကျော်တာ ဖြစ်ပါတယ်။ အရင်က အမြင့်ဆုံး အရေအတွက်ကတော့ စနေနေ့က ၉၄၉ ဦး ဖြစ်ပါတယ်။
တိုကျိုမှာ ကူးစက်မှုတွေ အရှိန်မြင့်လာနေပြီး အခုတလောမှာ တစ်နေ့တာကူးစက်မှု အရေအတွက်ဟာ မကြာမကြာ ၈၀၀ ကျော်လာနေပါတယ်။
ဗုဒ္ဓဟူးနေ့မှာ တိုကျိုမြို့အုပ်ချုပ်ရေးမှူး Koike Yuriko က ပြည်သူတွေဟာ မကြုံစဖူး ကူးစက်မှု တတိယလှိုင်းနဲ့ ကြုံတွေ့နေရတယ်လို့ သတိပေးခဲ့ပါတယ်။ အချိန်မရွေး ကူးစက်မှုအရေအတွက် ထိုးတက်လာနိုင်ပြီး ပြည်သူတွေအနေနဲ့ နေအိမ်မှာ မိတ်ဆွေတွေနဲ့ စုဝေးတာ ဒါမှမဟုတ် ဆွေမျိုးသားချင်းတွေနဲ့ အုပ်စုဖွဲ့ တွေ့ဆုံတာတွေ ရှောင်ရှားကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။
မီးစ် Koike က နှစ်သစ်ကူး အားလပ်ရက်တွေအတွင်း ကူးစက်မှုတွေကို မဖြစ်မနေထိန်းချုပ်နိုင်ဖို့ လိုအပ်ပြီး လူတွေရဲ့ အသက်ကို ဦးစားပေးရမယ်လို့ ဆိုပါတယ်။ အခြေအနေတွေ ပိုဆိုးလာရင် အရေးပေါ်အခြေအနေ ကြေညာနိုင်ဖွယ်ရှိတယ်လို့ သူက သတိပေးခဲ့ပါတယ်။