ဂျပန်မှာ နှင်း အကြီးအကျယ် ကျတာနဲ့ လေပြင်းတွေ တိုက်ခတ်နိုင်တဲ့အတွက် သတိထားကြဖို့ တိုက်တွန်း

နှစ်သစ်ကူးနေ့အထိ ဆီးနှင်းတွေ အကြီးအကျယ်ကျဆင်းပြီး နှင်းမုန်တိုင်းတွေ ကျနိုင်တဲ့ အတွက် နေရာတော်တော်များများက သူတွေကို သတိထားကြဖို့ ဂျပန်နိုင်ငံက မိုးလေဝသအရာရှိတွေက တိုက်တွန်းနေပါတယ်။

ဝင်ရောက်လာတဲ့ အားကောင်းတဲ့ လေအေးထုကြီးဟာ ဆောင်းရာသီ လေဖိအားပုံစံကို ပိုပြီး အားကောင်းစေမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကြာသပတေးနေ့ မွန်းတည့်ချိန် မတိုင်ခင်အထိ တချို့ဧရိယာတွေမှာ အရမ်းကို လျင်လျင်မြန်မြန်နဲ့ နှင်းတွေ စုပုံလာနိုင်တယ်လို့ သူတို့က ပြောပါတယ်။
အဲဒီနှင်းတွေဟာ တိုးကိုင်း (Tokai ) ၊ ခန်းဆိုင်း (Kansai ) ၊ ရှိကိုးကု (Shikoku) နဲ့ ကျူးရှူး (Kyushu ) ဒေသတွေက မြေနိမ့်ပိုင်းဧရိယာတွေမှာတောင် စုပုံကျလာနိုင်ဖွယ်ရှိပါတယ်။
ဂျပန်မြောက်ပိုင်းက ဂျပန့်ပင်လယ်ကမ်းခြေတွေနဲ့ ဂျပန်အရှေ့ပိုင်းတွေမှာ စနေနေ့အထိ နှင်းတွေ ဆက်ကျနိုင်တယ်လို့ မိုးလေဝသအရာရှိတွေက ပြောပါတယ်။
ဂျပန် အရှေ့ပိုင်းနဲ့ အနောက်ပိုင်းက တချို့ဧရိယာတွေမှာ လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့လည်း သူတို့က သတိပေးနေပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နိုင်တဲ့အတွက် သတိထားကြ ဖို့လည်း မိုးလေဝသ အရာရှိတွေက တိုက်တွန်းနေပါတယ်။ လမ်းတွေပေါ်က ရေခဲနေတာတွေ၊ ခေါင်မိုးတွေပေါ်က လျှောကျလာတဲ့ နှင်းတွေ၊ ဓာတ်အားပြတ်တောက်တာတွေနဲ့ နှင်းတောင်ပြိုကျမှုတွေကို သတိထားကြဖို့လည်း သူတို့က ပြောပါတယ်။