ဂျပန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ကူးစက်သူအသစ် ၃၈၃၄ ရှိ

ဂျပန်အချိန် ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ မိနစ် ၃၀ မှာ ဂျပန်တစ်နိုင်ငံလုံး ကူးစက်သူအသစ် အရေအတွက် ၃၈၃၄ ဦး ရှိတယ်လို့ ဂျပန်နိုင်ငံက အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ဒီကနေ့ သေဆုံးသူ ၄၃ ဦးရှိကြောင်း သတင်းရရှိပါတယ်။ ရောဂါပြင်းထန်သူ လူနာ ၆၆၈ ဦး ရှိကြောင်း သိရပါတယ်။ ဂျပန်မှာ လက်ရှိ အချိန်အထိ ကူးစက်သူ ဦးရေ စုစုပေါင်း ၂၃၁,၉၂၈ ဦး ရှိတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးက ကြေညာထားပါတယ်။