တိုကျိုမှာ Covid-19 တစ်နေ့တာ ကူးစက်ခံရသူအသစ် ဒုတိယအများဆုံး စံချိန်တင်

တိုကျိုမြို့အုပ်ချုပ်ရေးအဖွဲ့က ဗုဒ္ဓဟူးနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၉၄၄ ဦး ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ တစ်နေ့တာကူးစက်သူ အရေအတွက် ဒုတိယအများဆုံး ဖြစ်ပါတယ်။ အများဆုံးကတော့ စနေနေ့မှာ အတည်ပြုခဲ့တဲ့ ၉၄၉ ဦးဖြစ်ပါတယ်။