Pompeii မြို့မှာ ရှေးဟောင်းစားသောက်ဆိုင် တစ်ဆိုင် တူးဖော်တွေ့ရှိ

နှစ်ပေါင်း ၂၀၀၀ နီးပါး သက်တမ်းရှိပြီလို့ ယုံကြည်ရတဲ့ ရှေးဟောင်း အမြန်ပြင် အစားအသောက်ဆိုင်ရဲ့ ကောင်တာတစ်ခုကို အီတလီနိုင်ငံတောင်ပိုင်း၊ Naples မြို့နားက Pompeii မှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။

ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ရှေးဟောင်းနယ်မြေဖြစ်တဲ့ အဲဒီ ရောမခေတ်က မြို့ထဲမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အရာဟာ ကျောက်သား မှန်ကူကွက်ပန်းချီပုံတွေနဲ့ အမြန်ပြင် အစားအသောက်ဆိုင် ကောင်တာတစ်ခု ဖြစ်မယ်လို့ ရှေးဟောင်းသုတေသနပညာရှင် အဖွဲ့တစ်ဖွဲ့က ဆိုပါတယ်။
အဲဒီ ကောင်တာမှာ ငှက်တွေ၊ အဏ္ဏဝါနတ်ဘုရားတွေရဲ့ ပုံကို အရောင်တောက်တောက် ကျောက်သား မှန်ကူကွက် ပန်းချီတွေနဲ့ ပုံဖော်ထားပါတယ်။ ကြက်ဖ တစ်ကောင်ကိုလည်း တောက်ပတဲ့ အနီရောင်အမောက်၊ အညိုရောင်အမွှေးတွေနဲ့ သရုပ်ဖော်ထားပါတယ်။
ရှေးဟောင်းဟင်းလျာတွေမှာ အသုံးပြုတဲ့ပစ္စည်းတွေလို့ ယုံကြည်ရတဲ့ ခရုနဲ့ ငါးတွေရဲ့ ရုပ်ကြွင်းတွေကိုလည်း အဲဒီ အဖွဲ့က တွေ့ရှိခဲ့ပါတယ်။
ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားတဲ့ Pompeii မြို့ဟာ အေဒီ ၇၉ ရာစုတုန်းက Vesuvius မီးတောင်ပေါက်ကွဲခဲ့စဉ်က မီးတောင်ပြာတွေနဲ့ ကျောက်တုံးတွေ အောက်မှာ နစ်မြုပ်သွားခဲ့ပါတယ်။