တိုကျို စတော့ရှယ်ယာ အညွှန်းကိန်း ဈေးပိတ်ချိန် အမြင့်ဆုံး စံချိန်တင်

အမေရိကန် စတော့ရှယ်ယာဈေးကွက်တွေမှာ ဈေးတက်ခဲ့တဲ့နောက်ပိုင်း တိုကျိုက အဓိက စတော့ရှယ်ယာ အညွှန်းဟာ အင်္ဂါနေ့မှာ နှစ် ၃၀ အတွင်း ပထမဦးဆုံး ဈေးပိတ်ချိန် အမြင့်ဆုံး စံချိန်တင်ခဲ့ပါတယ်။

လက်ရွေးစင် အစုရှယ်ယာ ၂၂၅ မျိုးရဲ့ Nikkei အညွှန်းကိန်းဟာ အင်္ဂါနေ့မှာ တနင်္လာနေ့ ဈေးပိတ်ချိန်ကထက် ၇၀၀မှတ်ကျော် မြင့်တက်ခဲ့ပြီး ၂၇,၅၆၈ မှတ်နဲ့ ဈေးပိတ်ခဲ့ပါတယ်။ ဒါဟာ ၁၉၉၀ ပြည့်နှစ် ဩဂုတ်လ နောက်ပိုင်း အမြင့်ဆုံး ဈေးပိတ်ချိန် အညွှန်းကိန်းပမာဏ ဖြစ်ပါတယ်။
နယူးယောက်က Dow Jones Industrial Average နဲ့ တခြား အဓိက အညွှန်းကိန်းတွေ စံချိန်သစ်တင်ခဲ့တဲ့နောက် ရင်းနှီးမြှုပ်နှံသူတွေဟာ ကျယ်ပြန့်တဲ့ နယ်ပယ်တွေက စတော့ရှယ်ယာတွေကို ဝယ်ယူခဲ့ကြပါတယ်။