တောင်အာဖရိက က မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ဂျပန်မှာ တွေ့ရှိ

တောင်အာဖရိကမှာ ပထမဦးဆုံး တွေ့ရှိခဲ့တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးကို ဂျပန်မှာ တွေ့ရှိအတည်ပြုခဲ့ပါတယ်။

တိုကျိုနားက နာရီတာလေဆိပ်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ရောက်ရှိလာခဲ့တဲ့ အသက် ၃၀ တန်းအရွယ် အမျိုးသမီးတစ်ဦးမှာ အဲဒီ ဗိုင်းရပ်စ်ကို တွေ့ခဲ့ရတယ်လို့ တနင်္လာနေ့မှာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီ အမျိုးသမီးဟာ တောင်အာဖရိက ကို သွားရောက်ခဲ့ပါတယ်။
ဝန်ကြီးဌာန အရာရှိတွေက သူတို့အနေနဲ့ အခုအခါမှာ ဗြိတိန်နဲ့ တခြားနိုင်ငံတွေမှာ ကူးစက်ပြန့်ပွားနေတဲ့ တခြား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တစ်မျိုး ကူးစက်ခံထားရသူ ၆ ဦး အတည်ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။
ဆယ်ကျော်သက်ကနေ အသက် ၄၀ တန်းတွေအထိ ဖြစ်ကြတဲ့ အဲဒီလူတွေဟာ ဒီဇင်ဘာလ ၁ ရက်ကနေ ၂၄ ရက်အတွင်း ဗြိတိန်ကနေ ရောက်လာခဲ့တာ ဖြစ်ပါတယ်။