တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအသစ် ၈၅၆ ဦး အတည်ပြု

တိုကျိုမြို့မှာ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နောက်ထပ် ၈၅၆ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ဒီ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့နောက်ပိုင်းမှာ အင်္ဂါနေ့အနေနဲ့ တစ်နေ့တာ ကူးစက်သူအရေအတွက် အများဆုံးစံချိန်ဖြစ်ပါတယ်။စနေတနင်္ဂနွေနေ့တွေမှာ ဆေးကုသရေးဌာန အများအပြား ပိတ်တဲ့အတွက် အင်္ဂါနေ့ရဲ့ အရေအတွက်ဟာ ပုံမှန်အားဖြင့် နည်းလေ့ရှိပါတယ်။
အခုအခါ တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုသူ ၅၇,၈၉၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။