မြောက်ကိုရီးယား မီဒီယာမှာ Kim Jong Un နဲ့ ပတ်သက်တဲ့ သတင်းတွေ စံချိန်တင် နည်းပါး

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းမီဒီယာမှာ နိုင်ငံ့ခေါင်းဆောင် Kim Jong Un အကြောင်းဖော်ပြတဲ့ သတင်းတွေ ဒီနှစ်ထဲမှာ စံချိန်တင် နည်းပါးခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သူ လူထုအကြား ထွက်မလာတာကြောင့် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ရက်နေ့ကနေ မနေ့က တနင်္ဂနွေနေ့အထိ မြောက်ကိုရီးယားမီဒီယာမှာ မစ္စတာ Kim နဲ့ ပတ်သက်တဲ့ သတင်း ၅၃ပုဒ် ဖော်ပြခဲ့တယ်လို့ တိုကျို အခြေစိုက် Radiopress သတင်းအေဂျင်စီက ဆိုပါတယ်။
ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် ထက်ဝက်နီးပါး လျော့နည်းခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ သူနိုင်ငံ့ခေါင်းဆောင်အဖြစ်တာဝန်ယူပြီး နောက်ပိုင်း အနည်းဆုံးဖြစ်ပါတယ်။
အဲဒီထဲမှာ သတင်း ၃၄ ပုဒ်ဟာ ပြည်တွင်းသတင်းတွေဖြစ်တဲ့ အာဏာရ အလုပ်သမားပါတီရဲ့ အစည်းအဝေးတွေအကြောင်းနဲ့ တိုင်ဖွန်းမုန်တိုင်းသင့်ဒေသတွေကို သူ သွားရောက်ခဲ့တဲ့ အကြောင်းတွေ နဲ့ ပတ်သက်တဲ့ သတင်းတွေဖြစ်ပါတယ်။
သတင်း ၁၅ ပုဒ်ကတော့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်တာတွေ အပါအဝင် စစ်ဘက်ရေးရာနဲ့ ဆက်နွယ်နေတဲ့သတင်းတွေ ဖြစ်ပါတယ်။
ကိုရီးယားစစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ တရုတ်စစ်သားတွေရဲ့ ဂူသင်္ချိုင်းကို မစ္စတာ Kim သွားရောက်တဲ့သတင်းဟာ တစ်ခုတည်းသော နိုင်ငံတကာရေးရာသတင်းဖြစ်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ကပ်ရောဂါဖြစ်ပွားမှုကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နဲ့အကြား လူအသွားအလာ နဲ့ ကုန်ပစ္စည်း သယ်ပို့တာတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားခဲ့ပါတယ်။