တိုကျိုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၄၈၁ ဦးရှိ

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က တနင်္လာနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၄၈၁ ဦးရှိတယ်လို့ အစီရင်ခံထုတ်ပြန်လိုက်ပါတယ်။

ကပ်ရောဂါကြီး စတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက် နေ့စဉ်ကူးစက်မှု စာရင်းအရ ဒါဟာ တနင်္လာနေ့အတွက်ကူးစက်ခံရသူ အရေအတွက် အများဆုံးဖြစ်ပါတယ်။ သီတင်းပတ်ကုန်ရက်တွေမှာ ဆေးရုံ ဆေးခန်းအများအပြားပိတ်တဲ့အတွက် တနင်္လာနေ့ထုတ်ပြန်တဲ့ ကိန်းဂဏန်းဟာ ပုံမှန်ဆို နည်းလေ့ရှိပါတယ်။
အခုဆိုရင် တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ စစ်ဆေးအတည်ပြုခံရတဲ့သူ စုစုပေါင်း ၅၇,၀၄၀ ဦးရှိလာပါပြီ။